မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နေ့စဉ်ထိုးနှံပေးလျက်ရှိ

မိုးညှင်း          ဖေဖော်ဝါရီ    

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ ကျောင်းသား ကျောင်းသူများနှင့် အရပ်သားပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဖေဖော်ဝါရီ (၅)ရက် နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီထိ ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်(၇၅)ဦးနှင့် ပညာရေးဝန်ထမ်း(၃၅)ဦး စုစုပေါင်း(၁၁၀)ဦးတို့ကို ထပ်ဆောင်း ကာကွယ်ဆေးအနေဖြင့် လည်းကောင်း၊ အင်းတော်ကြီးဒေသတွင် ကျောင်းသားကျောင်းသူ (၃၅၀)ဦးကို First Dose အနေဖြင့် လည်းကောင်း၊ ဟိုပင်မြို့တွင် ကျောင်းသားကျောင်းသူ (၄၅၄)ဦးကို Second Dose အနေဖြင့်လည်းကောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသီးသီးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)