အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အကြိမ်ပြည့် ထိုးနှံထားပြီး (၆)လပြည့်ပြီးဖြစ်သည့် ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose ) ထပ်ဆောင်း ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 08,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်က မြို့မ(၄)ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးငယ်များကျန်းမာ သန်စွမ်းစေရန် နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ ကြောင်း သိရသည်။
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်ကြီးကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က ဟိုင်းကြီး) တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က ဟိုင်းကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
မွန်ပြည်နယ် ​ရေးမြို့နယ်တွင် အသက် ၁၅ နှစ်​အောက် က​လေးများအား ပိုလီယို​ရောဂါကာကွယ်​ဆေးတိုက်​ကျွေးခြင်းကို ယ​နေ့ နံနက်ပိုင်း ကမြို့​ပေါ်ရပ်ကွက်များဖြစ်သည့် ရန်ကြီး​အောင်ရပ်ကွက် ​ရွှေဆံ​တော်ဓမ္မာရုံနှင့် ရန်မျိုး​အောင်ရပ်ကွက် အုပ်ချုပ်​ရေးရုံးများ၌ တိုက်​ကျွေးခဲ့ကြ သည်။
Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စင်းကွန်း-ကုန်းကြီး ကျေးရွာချင်းဆက် လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 08,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင် များအား ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 08,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။