ရေးမြို့နယ်တွင် အသက် ၁၅ နှစ်​အောက် က​လေးငယ်များအား ပိုလီယို​ရောဂါ ကာကွယ်​ဆေး (အပို​ဆောင်း) တိုက်​ကျွေး

​ရေး ​ဖေ​ဖော်ဝါရီ

မွန်ပြည်နယ် ​ရေးမြို့နယ်တွင် အသက် ၁၅ နှစ်​အောက် က​လေးများအား ပိုလီယို​ရောဂါကာကွယ်​ဆေးတိုက်​ကျွေးခြင်းကို ယ​နေ့ နံနက်ပိုင်း ကမြို့​ပေါ်ရပ်ကွက်များဖြစ်သည့် ရန်ကြီး​အောင်ရပ်ကွက် ​ရွှေဆံ​တော်ဓမ္မာရုံနှင့် ရန်မျိုး​အောင်ရပ်ကွက် အုပ်ချုပ်​ရေးရုံးများ၌ တိုက်​ကျွေးခဲ့ကြ သည်။

အဆိုပါ ပိုလီယို​ရောဂါ ကာကွယ်​ဆေး (အပို​ဆောင်း) တိုက်​ကျွေးခြင်းကို မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှ ကျန်းမာ​ရေးဝန်ထမ်း ဆရာမများက ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေး စည်းကမ်း ချက်များနှင့် အညီ စနစ်တကျ တိုက်​ကျွေးခဲ့ကြရာ အသက် ၁၅ နှစ်​အောက် က​လေး (၈၁၃၃)ဦး တိုက်​ကျွေးနိုင်ခဲ့ကြသည်။

၎င်းပိုလီယို​ရောဂါ ကာကွယ်​ဆေး (အပို​ဆောင်း)ကို အခြားရပ်ကွက်များ၊ ​ကျေးရွာများနှင့် အခြေခံပညာ​ ကျောင်းများသို့လည်း ​သတ်မှတ်နေ့ရက်အလိုက် တိုက်​ကျွေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်