နတ်မောက် ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ပါဝင်သည့် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၁-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေး ထိုးခဲ့ကြသူများ၊ ဆောင်ပုဒ်များ၊ ကဗျာများအား ဖတ်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်