ကျောက်ဆည်မြို့နယ် စင်းကွန်း-ကုန်းကြီး ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်

ကျောက်ဆည် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စင်းကွန်း-ကုန်းကြီး ကျေးရွာချင်းဆက် လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားအား မန္တလေးတို်င်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၆၀) အကုန်အကျခံကာ အရှည် (၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ တည်ဆောက်ပေးခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးရေး မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား ဆောက်လုပ်ပေးခြင်းကြောင့် စင်းကွင်းကျေးရွာနှင့် ကုန်ကြီးကျေးရွာမှ အိမ်ထောင်စု   (၈၄၉) စု၊ လူဦးရေ (၃၇၀၄) ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာမည် ဖြစ်ကြောင်း နှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်အတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)