ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင် များအား မြေပြင်ကွင်းဆင်းစစ်ဆေး

မောင်တော ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင် များအား ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး (တာဝန်) ဒုတိယမီးသတ်ဦးစီမှူး ဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံး ဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင် ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြုတတ်စေရေး၊ မီးသတ် ဆေးဘူးများ သက်တမ်းကုန်ဆုံးပါက အသစ်လဲလှယ်ရေး၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေ ရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို အကြုံပြု ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)