သံတောင်ကြီးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး

သံတောင်ကြီး ဖေဖော်ဝါရီ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးငယ်များကျန်းမာ သန်စွမ်းစေရန် နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ ကြောင်း သိရသည်။

အဆိုပါ  ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို သံတောင်ကြီးမြို့ ကျန်းမာရေးဆရာမ ဒေါ်မိုးမိုးခိုင်  နှင့်  ကျန်းမာရေးဝန်ထမ်းများက ဆုံဆို့၊ ကြက်ညှာ မေးခိုင်၊  အသည်းရောင်အသားဝါ(ဘီ)၊   ဦးနှောက်အမြှေးရောင်၊  ငါးမျိုးစပ်ကာကွယ်ဆေး၊  ဝက်သက်-ဂျိုက်သိုး ၊ ဂျပန်ဦးနှောက် ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)စသည့် ကာကွယ်ဆေးများကို   သံတောင်ကြီးမြို့ အသက်တစ်နှစ်အောက် ကလေးငယ်များအား    တိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)