ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်ကြီးကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က ဟိုင်းကြီး) တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က ဟိုင်းကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ဖွင့်လှစ်ခဲ့ပြီး မြို့အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (အကြို)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၇)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်