သံတောင်ကြီး ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နေ့နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်၊ကလေးစာဖတ်ခန်း၌ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို အစဉ်အမြဲ သတိရစေရန်၊ ကလေးသူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိစေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သံတောင် ကြီးမြို့ အမှတ်(၄)ရပ် ကွက် ရှိကလေး/သူငယ်(၁၂)ဦးပါဝင်ယှဉ်ပြိုင်ကာ ဆုရသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)