မိုးနဲ ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူထုအခြေပြုပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူလ တန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၈ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းတို့က တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူလေးများအားမုန့်နှင့် ကစားစရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အကောင်းဆုံးဆေးရောင်ခြယ်နိုင်သော ကျောင်းသား /ကျောင်းသူများအား (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)