ပခုက္ကူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းအဆင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပခုက္ကူ  ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာကျောင်း၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထုပ်စီးထိုး၊ သံလုံးပစ်၊ လှံတံပစ်နှင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲများစသည့် အခြေခံပညာကျောင်းအဆင့် အားကစားပြိုင်ပွဲလေးမျိုး ကျင်းပကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထုပ်စီးထိုးပြိုင်ပွဲ ၅ သင်း၊ သံလုံးပစ်ပြိုင်ပွဲ (ကျား+မ) ၁၀ သင်း၊ လှံတံပစ်ပြိုင်ပွဲ (ကျား+မ) ၁၀ သင်း၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ (ကျား+မ) ၁၀ သင်း စသည့် အားကစားပြိုင်ပွဲလေးမျိုး ကျင်းပကြသည်။ ယင်းပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ပခုက္ကူခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများစုပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖေဖော်ဝါရီ၁၂ရက်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)