ပင်လောင်းမြို့နယ်၌ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်

ပင်လောင်း   ဖေဖော်ဝါရီ   ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်း က မြိုနယ်အားကစားကွင်း ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးဒိုင်အဖွဲ့ချုပ်မှ ဆရာဦးခင်မောင်တင်၊ ဆရာဦးလှမြင့်လေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြ ပြီး၊ သင်တန်းတွင် သွေးပူလေ့ကျင့် ခန်းနှင့် အလံသယ်ယူခြင်းစနစ်၊ ကွင်းတွင်း လေ့ကျင့်/လက်တွေ့ ဆောင်ရွက်ခြင်း၊ ဥပဒေအကြောင်းများ၊ သင်တန်းသင်ခန်းစာနှင့် လေ့ကျင့်မှုသုံးသပ်ခြင်းများ သင်ကြားပို့ချပေးမည် ဖြစ်သည်။

အဆိုပါ သင်တန်းတွင် ဟိုပုံးမြို့နယ်၊ပင်လောင်းမြို့နယ်နှင့်ဆီဆိုင်မြို့နယ်မှ သင်တန်းသား (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းအား ဖေဖော်ဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)