အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်သံဃာ့ ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ်သံဃာ့နာယက အဖွဲ့အစားထိုး ရွေးချယ် တင်မြှောက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်​တော်ကြီး၌ ကျင်းပခဲ့သည်။
Feb 10,2022
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Feb 10,2022
ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်၍ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းပါဝင်တတ်စေရန်၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ပြုလုပ်သည်။
Feb 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရတနာခန်းမ၌ ကျင်းပ ခဲ့သည်။
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က ရေတံခွန် ကျောင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ငါးသိုင်းချောင်းနယ်မြေမီးသတ်စခန်း၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး၊ အားကစားဆိုင်ရာ အသိပညာပေးခြင်းနှင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာ ပေးခြင်း အစီအစဉ်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ အချိန်က အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာ ကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင် တည်ထားကိုးကွယ်သော ရတနာရွှေရောင်စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့တွင် ကျင်းပသည်။