အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ယိမ်းအကပြိုင်ပွဲနှင့် တိုင်းရင်း သားရိုးရာဝတ်စုံပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 10,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်း လုပ်ငန်း‌ဆောင်ရွက်နေမှုကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများတို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနှင့် အကြိုဟောပြောပွဲကို ယမန်နေ့က မြိတ်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဆောင် သောမြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show) အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးကော်မတီ၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ သည်။
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။