အမြို့မြို့အနယ်နယ်သတင်းများ

Feb 11,2022
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝင်များစုပေါင်း၍ သွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပ ခဲ့သည်။
Feb 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာ ဗဟုသုတများ ကို သူတစ်ပါးအား ပြန်လည်မျှဝေနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာရေးသူ ဩမြတ်မေကို ရေးသားထားသည့် “ကြယ်စင်များဆီသို့နှင့် အာရှလူငယ်ဝတ္ထုတိုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 11,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
Feb 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် စတင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
Feb 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်အခြေပညာကျောင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအားကစား ပြိုင်ပွဲများကို ယနေ့နံနက်က မိုင်းခတ်မြို့ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့အဝင် ဆိပ်ကမ်း၌ ဖြတ်သန်း သွားလာနေသော ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 11,2022
ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာ စွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်နှင့် စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်လာစေရန် ရည်ရွယ်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်း၌ ကျင်းပသည်။
Feb 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က မန်ကန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်ဘုတ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။