ကျွန်းစုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ကျွန်းစု ဖေဖော်ဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့အဝင် ဆိပ်ကမ်း၌ ဖြတ်သန်း သွားလာနေသော ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြန့်ဝေရာတွင် မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ကျွန်းစုမြို့ ဒေသခံပြည်သူများနှင့် မြိတ်မြို့မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား  ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စသည်အချက်များပါဝင်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)