ပဲခူး ဖေဖော်ဝါရီ ၁၁
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝင်များစုပေါင်း၍ သွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပ ခဲ့သည်။
အဆိုပါ သွေးလှူဒါန်းခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ပဲခူးခရိုင် ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင် (၂၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု (၁၀)ဦး စုစုပေါင်း(၃၅)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က လိုက်လံ ကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အချိုရည်ဗူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)