မိုင်းခတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အားကစား ပြိုင်ပွဲများကျင်းပ

မိုင်းခတ် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်အခြေပညာကျောင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအားကစား ပြိုင်ပွဲများကို ယနေ့နံနက်က မိုင်းခတ်မြို့ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ(ကျား၊မ)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အုန်းသီးရိုက်ပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲ အားကစားတို့ကို ၁၂-၂-၂၀၂၂ ရက်နေ့အထိ ကျင်းပပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးပြီး စိတ်အပန်းဖြေ ပျော်ရွှင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်စေရန်၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့်ကျန်းမာ၊ ကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဆုရရှိသူများကို ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)