ချောင်းဆုံ ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြား ပြီး မွန်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဒေါ်မြင့်သွယ်ဦးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသူတစ်ဦးချင်းမှ မိတ်ဆက်ပြီး တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေအပ်ခဲ့ကြသည်။
အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၁၅)ဦးတို့အား သင်တန်းနည်းပြဆရာ ဒေါ်နော်မေရှိုင်းမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို ဖေဖော်ဝါရီ (၁၀)ရက်နေ့မှ မတ်လ (၁၂)ရက်နေ့အထိ တစ်လကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)