မန်ကန် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က မန်ကန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်ဘုတ်၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် ယနေ့ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့အား မြတ်နိုး လေးစားတန်ဖိုးထားတတ်စေရန်နှင့် အသိပညာများ တိုးပွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲတွင် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မန်ကန်(ပြန်/ဆက်)