Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများ…
Feb 11,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ အားကစား လှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် (၂၅%)ရာခိုင်နှုန်း အနားယူအစားထိုး ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ
Feb 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် (၂၅%)ရာခိုင်နှုန်း အနားယူခြင်း လစ်လပ်နေရာများအား ပြန်လည်အစားထိုး ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည် (၁၁)နာရီက တနိုင်းမြို့၊ ကင်ဆားရာ ရပ်ကွက်၊ မြို့ဦး(တပ်ဦး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့ရပ်ကွက်အတွင်းရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များလှူဒါန်း
Feb 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင် အိမ်ထောင်စု(၇၇)စုအတွက် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းထားသည့် အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့နယ်၊ ကရင် ကျေးရွာတွင် မီးလင်းရေးဖွင့်ပွဲကျင်းပ
Feb 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇီးခုံကျေးရွာအုပ်စု၊ ကရင်ကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် 33/11KV-20MVA ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားသော 11KV မုန်းဖီဒါကရင်ရွာ (၁)မှ Tap Off ယူ၍ 100KVA ထရန်စဖော်မာနှင့် 11 KVလိုင်း (၀.၃၆)မိုင်အား ၂၀၂၀-၂၀၂၁ ပြည်ထောင်စုဘတ်ဂျက်ဖြင့် နိုင်ငံတော်မှ ရင်နှီးမြှုပ်နှံမှု (၂၅.၇)ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ပြီးစီးသွားပြီဖြစ်သောကြောင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးလင်းရေးဖွင့်ပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် (Talk Show) ကျင်းပ
Feb 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ၂၅ ရာခိုင်းနှုန်း အနားယူ၊ အစားထိုးခြင်းရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဘုတ်ပြင်းမြို့ မာန်အောင်ပရိယတ္တိ စာသင်ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လမုန်မှ အခြေခံပညာ အထက်တန်းကျောင်း လမုန်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်
Feb 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လမုန်မှ အခြေခံပညာ အထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း လမုန်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18782
Page
18783
Page
18784
Page
18785
Current page
18786
Page
18787
Page
18788
Page
18789
Page
18790
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department