ဒေးဒရဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်

ဒေးဒရဲ ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် စတင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အထွေထွေချုပ်ရေးဦးစီးဌာနက (၂)သင်း၊ မီးသတ်ဦးစီးဌာနက (၂)သင်း၊ လမ္မတော်လမ်းမိသားစုက (၂)သင်း၊ စကားဝါလမ်းမိသားစုက (၁)သင်း၊ တော်ကျိုက်ကျေးရွာက (၁)သင်းနှင့် ကိုရဲကြီးအသင်း (၁)သင်း၊ စုစုပေါင်း အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်း (၉)သင်းက ပြိုင်ပွဲဝင်ကစားသမား (၄၅)ဦး ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် တတိယလုပွဲ ပွဲစဉ်များကို ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာနက သိရသည်။

အေဇာလင်း