Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကမ္ဘာ့သာသနာပြု အဓိဌာန်ဆရာတော် လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်
Feb 22,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ အနောက်စုရပ်ကွက်၊ မြို့ဦးတွင် ကမ္ဘာ့သနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ ဦးဆောင်ကြီးမှူး၍ ပြည်တွင်း၊ ပြည်ပအလှူရှင်များနှင် ပူးပေါင်းကာ တည်ထားကိုးကွယ်မည့် ဉာဏ်တော်(၁၀၈)ပေအမြင့်ရှိ လောကဦးသျှောင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက ကျင်းပရာ အခမ်းအနားသို့ အဓိဌာန် ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဗီနိုင်းများ လိုက်လံချိတ်ဆွဲ
Feb 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဗီနိုင်းများကို မြို့၏ လူစည်ကားရာနေရာများတွင် ယမန်နေ့က လိုက်လံ၍ ချိတ်ဆွဲနေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး
Feb 22,2022
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၊ နံနက်(၉)နာရီ အချိန်ခန့်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာ ရတနာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Feb 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် (၁)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် (၅)မြို့နယ်၏ မြို့နယ် သံဃာ့နာယကအဖွဲ့များ အဋ္ဌမအကြိမ်မြောက် အနားယူအစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၅)မြို့နယ်၏ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အဋ္ဌမအကြိမ်မြောက် အနားယူအစားထိုး ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နဂါးနှစ်ကောင် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Feb 22,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်၁၀ နာရီက ဝါသနာတူကလပ်အသင်းများ စုစည်းပြီး စာရေးသူ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18702
Page
18703
Page
18704
Page
18705
Current page
18706
Page
18707
Page
18708
Page
18709
Page
18710
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department