Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးနဲမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ပန်းခင်းစီမံချက်ဖြင့် သာသနာ့အနွယ်ဝင်စိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မိုးနဲမြို့ လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း၍ သာသနာ့အနွယ်ဝင်စိစစ်ရေးကတ်နှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Feb 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွှန်) ကာကွယ်ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်…
Feb 21,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွှန်)နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့)ကျောင်းရှေ့တို့၌ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် “လူငယ်နှင့် ပညာရေး” အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် “လူငယ်နှင့်ပညာရေး “အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ခါမ်းပါတ်၌ အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ
Feb 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ရွာမကျေးရွာတွင် အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်း လုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၉)နာရီက လှေကျင်းရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Feb 21,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၀၇:၀၀ အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေး
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ် ၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ် စေရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များတပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင် သွားကြရန်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့နှင့် လမ်းမတော် လမ်းမကြီးတစ်လျောက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18706
Page
18707
Page
18708
Page
18709
Current page
18710
Page
18711
Page
18712
Page
18713
Page
18714
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department