Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ကီလိုမာလကာသီး စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ
Feb 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး ကီလိုမာလကာသီး စိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ကီလိုမာလကာသီး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချရ၍ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ကီလိုမာလကာသီးစိုက်ပျိုး တောင်သူ ဦးဖိုးလှိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် မီးဘေးအစေရေးအတွက်န္တရာယ် မဖြစ်ပေါ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ညအချိန်များ၌ မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့် စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ဟံသာဝတီ ကျောင်းတိုက်ကိုဗစ်စင်တာသို့ positive လူနာအဖြစ် ဝင်ရောက် နေသောသူများကို မနက်၊ နေ့လယ် ညနေစာများ အခမဲ့ကျွေးမွေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဟံသာဝတီကျောင်းတိုက် ကိုဗစ်စင်တာသို့ positive လူနာအဖြစ် ဝင်ရောက်နေသောသူများအားလုံးကို နံနက်စာ၊ နေ့လယ်စာများကို ၂၀-၂-၂၀၂၂ ရက်နေ့မှစ၍ အခမဲ့တာဝန်ယူ ကျွေးမွေးလျက်ရှိသည်။ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေးကော်မတီသည် အသက်(၆၀)နှစ်နှင့် အထက်ရှိသော High Risk ရှိသူ Positive လူနာများကို ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးလျက်ရှိပြီး အခြား Positive လူနာများကို ဟံသာဝတီကျောင်းတိုက် ကိုဗစ်စင်တာ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် ပြုစုပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Feb 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး
Feb 22,2022
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ မြေအိုးလုပ်ငန်းလုပ်ကိုင်ကာ မိသားစုစားဝတ်နေရေး အဆင်ပြေ
Feb 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နှင့် ၂၂ မိုင် ကွာဝေးသော ရွာသစ်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာ အိုးလုပ်ငန်း ဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ (Mask Campaign) ပြုလုပ်
Feb 22,2022
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် ၊ မြေပုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ (Mask Campaign) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပုံမြို့ မြို့မဈေး၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ပြုလုပ်ဆောင်ရွက် ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Feb 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18698
Page
18699
Page
18700
Page
18701
Current page
18702
Page
18703
Page
18704
Page
18705
Page
18706
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department