Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းနောင်မြို့(၅ )ရက်တစ်ပတ်ပျံကျစျေး ပုံမှန်ရောင်းချလျက်ရှိ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ပုံမှန်ရောင်းချလျက်ရှိသော (၅) ရက်တစ်ပတ် ပျံကျစျေးသည် စျေးရောင်းစျေးဝယ်များဖြင့် စည်စည်ကားကား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့၌ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင်စစ်ဆေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်ဆန်း ဦးဆောင်သော မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ အင်္ဂပူမြို့နယ်ဒေသအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေး အရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးပွဲ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး(၅၈)ဦးစံချိန်တင်တွေ့ရှိသော်လည်း သေဆုံး မှုမရှိသေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့က (၂၉၉) ဦးစစ်ဆေးရာ ပိုးတွေ့ လူနာသစ်(၅၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ယခုတွေ့ရှိမှုသည် စံချိန်တင်တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲကမြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရန် အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံ
Feb 22,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ် သာသနာ့ဗိမာန်နှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်(၁၃)နေရာတို့တွင် ယနေ့နံနက (၉)နာရီက ဆက်လက်ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18696
Page
18697
Page
18698
Page
18699
Current page
18700
Page
18701
Page
18702
Page
18703
Page
18704
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department