ညောင်လေးပင်မြို့တွင် မြို့မပျိုးဥယျာဉ်၌ ပျိုးပင်မျိုးစုံ ၄၀၅၀၀ ပျိုးထောင်းထားရှိ

ညောင်လေးပင် မတ် ၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနက၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအရလူထုပျိုးပင်များကို မြို့မပျိုးဥယျာဉ်တွင် (ပျိုးပင် ပေါင်း၄၀၅၀၀ )ပျိုးထောင်းထားရှိကြောင်း သိရသည်။

မြို့မပျိုးဥယျာဉ်တွင် ကျွန်၉၀၀၀၊ မန်ဂျန်ရှားပင်၂၀၀၀၀၊ ယူဂလစ်၅၀၀၀၊ မဟောကနီ၅၀၀၀၊ စိန်ပန်း၅၀၀၊ ခရေ ၅၀၀၊ ကသစ် ၅၀၀ စုစုပေါင်းပျိုးပင် ၄၀၅၀၀ ကိုစိုက်ပျိုးထားခြင်းဖြစ်သည်။

ယင်းပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကို သိရှိစေရန်နှင့် သစ်တောထိန်းသိမ်းရေးတွင် ပူးပေါင်းပါ၀င်လာစေရန် အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်းကိုလည်း မြို့နယ်သစ်တောဦးစီးမှူး ဦးဇင်ဘိုဘိုကျော်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)