(၇၇)နှစ်မြောက် တပ်မတော်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

သိန္နီ မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ မွန်လွဲပိုင်းအချိန်က ကျင်းပသည်။

ထို့သို့ဆောင်ရွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသားလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်​စေရန်၊ မိမိတို့နိုင်ငံ၏ သမိုင်းအစဉ် အလာကြီးမားသည့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက် စေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၁၂)ဦးက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ဆုရရှိသူသည့် ကျောင်းသား/သူများကို ပထမ၊ ဒုတိယနှင့် တတိယဆုများကို မြို့နယ်ဦးစီးမှူးက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)