တွံတေးမြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်

တွံတေး မတ်     

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန့်မှုဖြင့် ပြည်သူများရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော ရွှေဆံတော်လမ်းဆုံ၊ ကျွန်းတောလမ်းဆုံ လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးကျော်မြင့်နှင့် Mask Campaign မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းတို့၏ ဦးဆောင်မှုဖြင့် ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး  နှိုးဆော် ဆောင်ရွက်ခဲ့ပြီး Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

တွံတေးသား