မိုးမိတ် မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ကျောင်းသူ (၃၉၀) ဦး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား စာစစ်ဌာန နှစ်ခုခွဲ၍ ဖြေဆိုစေမည်ဖြစ်ပြီး အ-ထ-က မိုးမိတ်စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၃၀၇) ဦးနှင့် အ-ထ-က(မန်ကျည်းပင်) စာစစ်ဌာနတွင် (၈၃) ဦး စုစုပေါင်း (၃၉၀) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စည်သူဌေး