မင်းလှ မတ် ၈
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင် စေရန် Mask Campaign ဆောင်ရွက်ခြင်းကို နေ့စဉ် နံနက်ပိုင်း၌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့ဝင်/ မြို့ထွက် နေရာများဖြစ်သော ထောက်ကြန့်ကွင်း (အမ်)ဂိတ်၊ လမ်းမတော် အနောက်ဂိတ်၊ စံကျောင်းလမ်းဂိတ်နှင့် ရိပ်သာရှေ့ဂိတ် စစ်ဆေးရေးနေရာများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် လူမူရေးအသင်း အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်း ဖြတ်သန်း သွားလာနေကြသော ယာဉ်ကြီး ယာဉ်ငယ်များ၊ လမ်းသွားလမ်းလာပြည်သူများ၌ နှာခေါင်းစည်း တပ်ဆင်ထားခြင်းရှိ/ မရှိစစ်ဆေး၍ နှာခေါင်းစည်း မတပ်ဆင်သူများကို ဒဏ်ငွေ(၁၀၀၀) ကျပ်ပေးဆောင်စေကာ နှာခေါင်းစည်း(၂)ခုပေး၍ နှာခေါင်းစည်း တပ်ဆင်စေခြင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပေါက်စ မင်းလှ