Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မလှိုင်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဆိုင်များ ပုံမှန်ရောင်းချခဲ့
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးကြီးပတ်ဝန်းကျင်ရှိ ဆိုင်များ၊ ရပ်ကွက် အတွင်းရှိဈေးဆိုင်များနှင့်လမ်းများတွင် ယမန်နေ့က ပုံမှန်အတိုင်း ရောင်းဝယ်သွားလာလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်
Feb 02,2022
ပြင်ဦးလွင်မြို့နယ် လူဝယ်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ဖေဖော်ဝါရီ ( ၁ ) ရက်၊ နံနက် (၁၁) နာရီအချိန်မှစတင်၍ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၅) ရှိ မြို့အဝင်ကျောက်တောင်နှင့် နာရီစင်တို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 02,2022
မိတ္ထီလာမြို့ အထက (၁) တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) တွင်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၂ ) ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကားပုံဆက်ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကောရွက် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဖွင့်ပွဲများဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကို ယမန်နေ့နေ့လည်က အဆိုပါ ဝန်ထမ်းအိမ်ရာရှေ့၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းတို့က ဝန်ထမ်းအိမ်ရာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Feb 02,2022
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နန္ဒဝန်ရပ်ကွက်၊ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ဖွင့်ပွဲအခမ်းအနားနှင့် ထူးခ…
Feb 02,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သံဃာတော်များအား စားအုန်းဆီနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 02,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း သံဃာတော်၊ သာမဏေများနှင့်သာသနာ့နွယ်ဝင် သီလရှင်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နေ့လည် (၂)နာရီက ပုဏ္ဏား ကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18485
Page
18486
Page
18487
Page
18488
Current page
18489
Page
18490
Page
18491
Page
18492
Page
18493
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department