မလှိုင်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဆိုင်များ ပုံမှန်ရောင်းချခဲ့

မလှိုင်  ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးကြီးပတ်ဝန်းကျင်ရှိ ဆိုင်များ၊ ရပ်ကွက် အတွင်းရှိဈေးဆိုင်များနှင့်လမ်းများတွင် ယမန်နေ့က ပုံမှန်အတိုင်း ရောင်းဝယ်သွားလာလျက် ရှိကြောင်း သိရသည်။

 အဆိုပါနေ့က မြို့စည်ပင်သာယာဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းနှင့် သားငါးဆိုင်များ၊ စတိုးဆိုင်များနှင့် အထည်ဆိုင်များသည် ပုံမှန်ဖွင့်လှစ်‌ရောင်းချနေကြအတိုင်း ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ဈေးကြီး ပတ်ဝန်းကျင်ရှိ အထည်ဆိုင်များ၊ ကုန်မာဆိုင်များ၊ စားသောက် ကုန်ဆိုင်များနှင့် မြို့ပေါ် လဖက်ရည်ဆိုင်များမှာလည်း ပုံမှန်ဖွင့်လှစ်နေကြအတိုင်း ဖွင်လှစ် ရောင်းချလျက် ရှိပြီး ဈေးရောင်း/ဈေးဝယ်များ လမ်းမများပေါ်တွင် ပုံမှန်အတိုင်းသွားလာလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)