ပြင်ဦးလွင်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်

ပြင်ဦးလွင်  ဖေဖော်ဝါရီ ၂

ပြင်ဦးလွင်မြို့နယ် လူဝယ်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ဖေဖော်ဝါရီ ( ၁ ) ရက်၊ နံနက် (၁၁) နာရီအချိန်မှစတင်၍ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၅) ရှိ မြို့အဝင်ကျောက်တောင်နှင့် နာရီစင်တို့တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မှ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု ၊ မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူအသက် (၁၆) နှစ်နှင့် (၁၈) နှစ်အကြား၊ အသက် (၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီပန်းခင်းစီမံချက်ဖြင့် (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ စီမံချက် ကာလ သတ်မှတ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော် အသိပညာ ပေးခြင်းနှင့် “နိုင်ငံသားကတ် မှတ်ပုံတင် ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့် လူမှုစီးပွား‌ရေးဘဝမြှင့်တင် နိုင်မည်ဖြစ်ပါသည်” မိဘပြည်သူများအနေဖြင့် နိုင်ငံသားကတ်ပြားပြုလုပ်ရာတွင် နိုင်ငံတော်မှ ဖြည့်ဆည်း ပေးသည့်အတွက် အကုန်အကျခံရန် မလိုအပ်ဘဲဆောင်ရွက်ပေးလျက်ရှိပါသည်” စသည့် အကြောင်းအရာများပါဝင်သည့် ပန်းခင်း စီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြည်သူများထံသို့ဖြန့်ဝေပေးလျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)