အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Feb 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်း စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက် ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 02,2022
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သဗ္ဗညုဘုရားကြီး ရင်ပြင်တော် အတွင်းအပြင်နှင့် ဂရို့ဘုရား၊ သံတော်ကြားဘုရား၊ နတ်လျောင်းကျောင်းနှင့် ငကျွဲနားဋောင်းဘုရားပတ်ဝန်းကျင်တို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ပြီး ညောင်ဦးမြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၁၅၀ဦးဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း များနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
Feb 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဘားအံ-လှိုင်းဘွဲ လမ်းမပေါ်ရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးဝင်းအတွင်း၌ ၂၀၂၀-၂၀၂၁ ခုနှစ်၊ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သော မိုးလုံ၊ လေလုံ အားကစားခန်းမ ဖွင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Feb 02,2022
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် (၁၀)ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း အလုပ်သမား (၁၁၂)ဦး ဖေဖော်ဝါရီ ၁ ရက်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Feb 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တည်ထားကိုးကွယ်သည့် မြို့ကျက်သရေဆောင် ပြည်တော်အေး စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အား မြို့ခံပြည်သူများ အနီးကပ်ဖူးမြော် ကြည်ညိုနိုင်ကြစေရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့တွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်းသိရသည်။
Feb 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂) ရပ်ကွက်၊ ပန်းခြံရှေ့ အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နိုဝင်ဘာလမှ စတင် ဆောင်ရွက် လျက်ရှိရာ ယ‌ခုအခါတွင် လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။