အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေး၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူဦးရေအိမ်ထောင်စုစာရင်းများ  ပေးအပ်ပွဲအခမ်းအနားကို မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်(အရှေ့)ရပ်ကွက် မန်းတော်သာဓမ္မာရုံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီက ကျင်းပပြုလုပ်သည်။
Feb 03,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပြွများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား ဝမ်းသာပီတိစကား ပြောကြားပြီး ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Feb 03,2022
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ နေ့လယ် (၂) နာရီခွဲ အချိန်က ရှစ်သောင်းဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 03,2022
ကျိုက်မရောမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ၁/၂၀၂၂ဖွင့်ပွဲကို ယနေ့နံနက်၉နာရီ​က မီးသတ်တပ်ဖွဲ့ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော လျပ်စစ်သွယ်တန်း တတ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးဩအောင် မြေသာစံမြို့နယ် ၇၃ လမ်း ၁၂ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပပြုလုပ်သည်။
Feb 03,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလိခ ဥယျာဉ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက် ဖွင့်လှစ်ပေးကြသည်။
Feb 03,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့်နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၁)ရက် နံနက် ၁၀နာရီက အထက(၁) ရာပြည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ၊ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်အောက် ပစ္စယာ၊ မော်တော်ယဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို) (YMBA)တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့(၁-၂-၂၀၂၂) နေ့နံနက်(၀၈း၃၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBAအသင်း ဥက္ကဋ္ဌဦးရဲထွန်း၊ဒုတိယဥက္ကဌဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။