Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား က…
Jan 16,2022
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ဘူးသီးတောင် အကျဉ်းထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေး
Jan 16,2022
ရခိုင်ပြည်နယ် တရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းသည် ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်မြအေးနှင့် မောင်တောခရိုင် တရားသူကြီး ဦးမောင်လွင်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းထောင် အတွင်း လှည့်လည်ကြည့်စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်းအသိပညာပေး Talk Show ဆောင်ရွက်
Jan 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်းအသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 16,2022
ကျန်းမာရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးအတွက် ရည်ရွယ် တည်ဆောက်ခဲ့သော ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ရှိ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါအောက်ဆီဂျင်စက်ရုံတည်ရှိရာ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနံဘေး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း မောင်တောခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 16,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မောင်တောခရိုင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မောင်းနှင်ထုတ်လုပ်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှု
Jan 16,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်တို့ လိုက်ပါကာ ယမန်နေ့ ညနေပိုင်းက မင်းဘူး(စကု) မြို့နယ် ဇီးအိုင်ကျေးရွာရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ စက်ရုံ၏ တည်ဆောက်ပြီးစီးမှု၊ မောင်း နှင်ထုတ်လုပ်ရေးဆိုင်ရာများ၊ ဓာတ်အား ပို့လွှတ်မှု အခြေအနေနှင့် အဆင့်(၂) (၄၀)မဂ္ဂါဝပ် ထုတ် လုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇)ကြိမ်မြောက်၊မြို့အထောက်အကူပြုကော်မတီမှ အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ထမင်းထုတ်များလှူဒါန်း
Jan 16,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် အခြေခံလက်လုပ်လက်စားများနှင့် ခရိုင်ပြည်သူ့ဆေးရုံးမှ ကျန်းမာရေး ဝန်ထမ်းများအတွက် ထမင်းထုတ် ( ၁၀၀၀) နှင့် ပေါက်စီအလုံး (၃၈၀) လုံးကို မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ ကိုယ်ဝန်ဆောင်မိခင်များအားထောက်ပံ့နိုင်ရေး MCCT အွန်လိုင်း သင်တန်းဖွင့်လှစ်ပို့ချ
Jan 16,2022
"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့နိုင်ရေး MCCT အွန်လိုင်း သင်တန်းကို အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး ဦးဆောင်၍ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18320
Page
18321
Page
18322
Page
18323
Current page
18324
Page
18325
Page
18326
Page
18327
Page
18328
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department