အမြို့မြို့အနယ်နယ်သတင်းများ

Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် မျက်နှာသစ်ဆပ်ပြာအခဲ ပြုလုပ်နည်း သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အိုမီခရွန်‌ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Jan 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ ဇီးပင်ကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် ရက်(၉၀) နွေစပါးစိုက်ပျိုးခြင်းကို ယမန်နေ့၁၀နာရီက တောင်သူဦးအောင်ကိုမင်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
Jan 17,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး  လူမူရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယမန်နေ့က  အိမ်တိုင်ရာအရောက် ဆက်လက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 17,2022
ကျောင်းသား၊ ကျောင်းသူများ စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့်ဆွေးနွေးပြောဆိုသည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇန်နဝါရီလ(၁၆)ရက်နေ့၊ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများစုပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 17,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း အစီအစဉ်ဖြင့် မြို့နယ်အတွင်း လူငယ်များအား စာဖတ်အား ကောင်းမွန်လာစေပြီး အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန် အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း စာဖတ်အများဆုံး ဆုများ ချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။