မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

 

မိုင်းငေါ့ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အိုမီခရွန်‌ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေ‌ရေးအတွက် Online စနစ်ဖြင့် Talk Show‌ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တိုက်နယ်ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးက အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရှောင်ရန်၊  ဆောင်ရန်များ၊ အိုမီခရွန်ရောဂါလက္ခဏများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ အကြောင်းကို ပြည်သူများ သိရှိနားလည်စေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(ပြန်/ဆက်)