လှိုင်းဘွဲ ဇန်နဝါရီလ ၁၄
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း အစီအစဉ်ဖြင့် မြို့နယ်အတွင်း လူငယ်များအား စာဖတ်အား ကောင်းမွန်လာစေပြီး အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန် အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း စာဖတ်အများဆုံး ဆုများ ချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မူးယစ်ဆန့်ကျင်းရေးအသင်းဥက္ကဌ ဦးဌေးဝင်း၊ ရုံးအဖွဲ့မှူး ဦးလင်းခိုင်တို့က လူငယ်များ စာဖတ်မှု အရှိန်အဟုန် တိုးတက်လာစေရေးအတွက် စာဖတ်အများဆုံးဆုအား လစဉ်ပေးအပ်ချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ အတွေ့အကြုံများနှင့် လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်က စာဖတ်သည့် အလေ့အကျင့်များကို မွေးမြူရန် အရေးကြီးကြောင်း ရှင်းလင်းခဲ့ကြ ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က စာဖတ်အများဆုံးဆု ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း စာဖတ်အများဆုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိသူများအား မြို့နယ်မူးယစ်ဆန့်ကျင်းရေးအသင်းဥက္ကဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ဆုရရှိသူများက မိမိတို့၏ နှစ်သက်သော စာအုပ်စာစောင်များ၊ ဖတ်မိသော အကြောင်းအရာများနှင့် ရရှိလာသော အသိပညာဗဟုသုတများကို ပြန်လည်ပြောပြခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)