ပဲခူး ဇန်နဝါရီ ၁၇
၂၀၂၂ ခုနှစ်၊ ပဲခူးခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၈) မြို့နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၁း၃၀)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး တိုင်းအားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ရက်နေ့အထိတိုင်းအားကစားခန်းမ၌ ပြုလုပ်ခဲ့ပြီး (၅)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုကို ညောင်လေးပင်မြို့နယ် အသင်း၊ ဒုတိယဆုကို ပဲခူးမြို့နယ်အသင်း၊ တတိယဆုကို ဝေါမြို့နယ်အသင်း၊ (၃)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုကို ကဝမြို့နယ် အသင်း၊ ဒုတိယဆုကို ရွှေကျင်မြို့နယ်အသင်း၊ တတိယဆုကို ဒိုက်ဦးမြို့နယ်အသင်း တစ်ဦးချင်းစွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆု ကို ကဝမြို့နယ်မှ မခင်လေးမွန်၊ ဒုတိယဆုကို ပဲခူးမြို့နယ်မှ မကြည်ကြည်နိုင်သန်း၊ တတိယဆုကို ညောင်လေးပင်မြို့နယ်မှ မဇင်မီမီအော် တံခွန်စိုက်ဆုဖလားကို ညောင်လေးပင်မြို့နယ်အသင်းတို့က အသီးသီးရရှိရာ တက်ရောက်လာသော တိုင်းဒေသကြီး နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆုပေးပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာသော ပြိုင်ပွဲဝင် အေရိုးဗစ်အသင်းများက စုပေါင်းသရုပ်ပြသပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။