ဘားအံ ဇန်နဝါရီ ၁၇
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲ တွင် ပူးပေါင်းကူညီဆောင်ရွက်ပေးသော ဘားအံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အား လည်း ကောင်း၊ ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌဒေါက်တာသီသီဝင်းက ဒိုင်အဖွဲ့အား လည်းကောင်း ဂုဏ်ပြုငွေများပေးအပ်ခဲ့ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က (၅)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရလှိုင်းဘွဲမြို့နယ်အသင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဒုတိယဆုရ ကော့ကရိတ်မြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က (၅)ယောက်တွဲပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသား ဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၏ဇနီးက အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် တတိ ယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၏ဇနီးက ဒုတိယ ဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းဘေဘီမြင့်က ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလား တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီးက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တတိယ ဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက ဒုတိယဆုရရှိသော ဖာပွန်မြို့နယ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးသိန်းကိုကို က ပထမဆုရရှိသော ဘားအံမြို့နယ်တို့အား ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြ ပြီး ဆုရရှိသောအသင်းများက ပြန်လည်သရုပ်ပြတင်ဆက်ခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာ ကျေးရွာအုပ်စုရှိ ရေတံခွန်ရေလှောင်ကန် လက်ယာမြောင်းတူးဖော်နေမှုနှင့် ရေတံခါး တည်ဆောက်ခြင်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန်းခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတံခွန်ရေလှောင်ကန်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေလှောင်ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ တတိယရေလှောင်ကန်နှင့် စတုတ္ထရေလှောင်ကန်များ ဆောင်ရွက်ပေးနိုင်ရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ဧက ၅၀၀ ခန့်အား အကျိုးပြုနိုင်မည့် ဖအွံ-ကော့ကျိုက်၊ ဖဲကတာ၊ တောင်သူကုန်း ကျေးရွာအုပ်စုများ၏ ဖိကလန်ချောင်းရိုးဟောင်း အရှည် ၉၃၅၀ ပေ ရေသွင်း/ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ လယ်ဧက ၁၅၀ ခန့်အား အကျိုးပြုနိုင် မည့် အရှည်ပေ ၆၃၀၀ ခန့်ရှိ ကော့ကျိုက်(ဖအွံ) ကျေးရွာအုပ်စုချောင်းရိုးတူးဖော်ခြင်းနှင့် လယ်ဧက ၂၀၀ ခန့်အကျိုးပြုနိုင်မည့် အရှည်ပေ ၈၀၃၀ ခန့်ရှိ ကော့ကလွေ ချောင်းရိုးတူးဖော်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)