ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ရန်ကုန်)  ဇန်နဝါရီ ၁၇

ကျောင်းသား၊ ကျောင်းသူများ စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့်ဆွေးနွေးပြောဆိုသည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇန်နဝါရီလ(၁၆)ရက်နေ့၊ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများစုပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီး  အရာရှိ (တာဝန်ပေး) ဒေါ်ဆုလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သောင်း ဦးဆောင်၍ စာပေချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များက တံတားလေးပေါ်မှာ ကလေးပုံပြင်စာအုပ်ပါ အကြောင်းအရာများကို စာကြည့်တိုက်အသင်းဝင် ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေကို ချစ်မြတ်နိုးသူများနှင့်စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လည်း Talk Show အသိပညာပေးခြင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ် စာစောင်မျိုးစုံတို့ကိုလည်း စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)