မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ်ပြုလုပ်

မိုင်းရယ် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း ကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Hand Speaker ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် နားဖျိုင်းကျေးရွာများအတွင်း ဆော်ဩမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ မြို့ပေါ် ရပ်ကွက်များ အတွင်းတွင် လည်းကောင်း၊ ကျေးရွာများသို့လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်ရန် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာ ပေးဆော်ဩမှုများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။

ကျော်ဇင်ထိုက်