ရေးမြို့နယ်၌ အိုမီခရွန်ရောဂါကြိုတင် ကာကွယ်ရေး မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လှည့်လည် နှိုးဆော်

ရေး ဇန်နဝါရီ ၁၈

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၌ အသိပညာပေး လှည့်လည်နှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပေးနှိုးဆော်ရာ၌  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ ဒယ်လ်တာထက် ကူးစက်ပျံ့နှံ့မှုနှုန်း နှစ်ဆခန့် ပိုမိုမြန်ဆန်ခြင်းကြောင့် ရောဂါကူးစက် မခံရရေးအတွက် သတိပြုနေထိုင်ကြရမည်ဖြစ်သော်လည်း အလွန်အမင်းစိုးရိမ် ကြောင့်ကြခြင်းမပြုကြရန်၊ ဒေသခံပြည်သူများနေဖြင့် မိမိတို့မြို့ရွာအတွင်း ရောဂါမဖြစ်ပွားမီ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးအား  အကြိမ်အပြည့်အဝ  ထိုးနှံထားကြရန်၊ ကာကွယ်ဆေး မထိုးရသေးသူများမှလည်း သွားရောက်ထိုးနှံကြရန်၊ ပြည်သူများအနေဖြင့် ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်)တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်နှင့် ဖျားနာခြင်းများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေး ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသခြင်းများဖြင့် ကိုဗစ်ရောဂါပိုးကူးစက် ပြန့်ပွားမှုလျော့နည်း ကျဆင်းရေးအတွက်  ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)