ကလိန်အောင် ဇန်နဝါရီ ၁၈
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစား၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆုပေးပွဲအခမ်းအနားတွင် ကလိန်အောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက် တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်းက ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ဖြင့် ဆုရရှိသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။
ထို့နောက်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစား၊ စာစီစာကုံး၊ ကျပန်းစကား ပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)