ပေါက်ခေါင်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဟန်းစပီကာဖြင့်လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ ဝန်ထမ်းများက အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများအား မပျက်မကွက် ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)