အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 04,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့သာယာလှပရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်များဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါများကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးတွင် ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခဲ့သည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြံခင်း မြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု(၄၀)စုအား ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံ့ ပေးအပ်ခြင်းကိုယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။
May 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီးလ်/သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်း‌စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မြို့နယ်အတွင်း လူစည်ကားရာ နေရာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ(မိုး/ဆောင်း)သီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဆောင်သည့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက တောင်ဦးကျေးရွာ၊ ထန်းကိုင်းကျေးရွာများသို့သွားရောက်၍ ဒေသခံ တောင်သူများအား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
May 04,2022
မြိတ်ခရိုင် ပုလောမြို့ပေါ်ရပ်ကွက်အတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ပုလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ရပ်ကွက်များရှိ ရေစုကန်များသို့ သောက်သုံးရေ ပေးဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။
May 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်သစ်တော ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးကြို ကာလ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က အ.လ.က( မြို့သစ်) ကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။