အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်စရိတ် (ထပ်ဆင့်)ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ရမည်းသင်း ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း နှင့်နံရံကပ် စာစောင်များပြသဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ဆရာစံရပ်ကွက်၊ မူလွန်(၂) ကျောင်းတွင် ကျင်းပသည်။
Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့တွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 24,2021
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၁:၀၀နာရီအချိန်၌ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ သွားရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 24,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ မင်းလွင်ကျေးရွာအုပ်စု ဝင်္ကဘာကျေးရွာတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ (၁)လကြာ ဖွင့်လှစ် သင်ကြားပေးခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက ဝင်္ကဘာကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 24,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ( Talk Show) ကျင်းပ ကြောင်းသိရသည် ။
Jun 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက် အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသေးသည့် ပြည်သူများ အား နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီ အချိန်က ရွာဟောင်းတောကျေးရွာအုပ်စု ၊အမှတ်(၃၁)လုံခြုံရေး ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့ နံနက်ပိုင်းတွင် အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။