အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
စိုက်ပျိုးလုပ်ကိုင်တောင်သူဦးကြီးများ၏ သဘာဝလယ်ယာမြေများ၌ ဓာတ်မြေဩဇာများ ထည့်သွင်းသုံးစွဲမှုများပြားလာမှုကြောင့် သဘာဝမြေလွှာ မြေဆီ၊ မြေနှစ်များ လျော့နည်းခမ်းခြောက်လာမှုကြောင့် စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း ကျဆင်းလာနိုင်သဖြင့် မိမိတို့၏လယ်ယာမြေများအား ပြန်လည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း တိုးတက်ကောင်းမွန် လာစေရေးအတွက် သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ဆောင်ရွက်ခြင်းကို ညနေ(၄)နာရီအချိန်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ မီးဇိုင်းကျေးရွာရှိ တောင်သူဦးစိုးလှိုင်၏ မြို့မစံပြစိုက်ကွင်း၌ ပြုလုပ်ကျင်းပသည်။
May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ  ပိုင်ကျုံမြို့၊   မိ‌ကြောင်ကျေးရွာအုပ်စု၊  မိကြောင်ကျေးရွာ၌  ဒုတိယအကြိမ်    ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၈၈)ဦးအား ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိရ သည်။
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ စတင်၍ အမှတ်(၂)ရပ်ကွက်၊ မှန်စီကျောင်း လမ်း၊ ငြိမ်းချမ်းပြည့်ဝ အောင်သိဒ္ဓိစေတီတော် ပုရဝဏ်ရင်ပြင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
May 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရေပေါ်ကျွန်းကျေးရွာ အခြေခံပညာ ဦးစီးဌာန (၂)ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအား ယမန်နေ့ ၁၁ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ရေရှည်တည်တံ့စေရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
May 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာသီပေါ်တညင်းသီး ယခင်နှစ်ထက် ဆယ်ဆနီးပါး ဈေးရရှိကြောင်းသိရသည်။ ရေဖြူဒေသထွက် တညင်းသီးကို ဒေသခံများ စားသုံးမှုအပြင် ရန်ကုန်မှတဆင့် မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
May 04,2022
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော် ကြီး၌ ဧပြီလ ၃၀ရက်နေ့၌ စတင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ ဘာသာရပ်(ဒုတိယနေ့)ကို စာဖြေ သံဃာ ၂၄ ပါးက အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် သီးသန့် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့က အင်ပင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။